top of page

ဒေသဖွံ့ဖြိုးဝင်ငွေတိုးလုပ်ငန်း

ဒေသဖွံ့ဖြိုးဝင်ငွေတိုးလုပ်ငန်းသည် EPD စီမံကိန်း၏ အရေးအပါဆုံးကဏ္ဍဖြစ်သည်။ ယခုစီမံကိန်းသည် ကျောင်းဆောင်ကိုရေရှည်ထိန်းသိမ်းနိုင်ရန်၊ ဒေသ၏ဝိုင်းဝန်းအင်အားရှိစေရန်နှင့် ၎င်းတို့၏အသက်မွေးမှုအဆင်ပြေတိုးတက်စေရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံ၏ကျေးလက်ဒေသများရှိ စာသင်ကျောင်းများတွင် ဆရာ/ဆရာမအရေအတွက်မလံ့လောက်မှု၊ စာသင်ဆောင်များ၊ စာသင်ခန်းများနှင့် စားပွဲကုလားထိုင်များမလုံလောက်မှု၊ ကျောင်းဆောင်များပျက်စီးယိုယွင်းနေမှုစသည်ဖြင့် အခက်အခဲများစွာတွေ့ကြုံနေရပါသည်။ တချို့ဒေသများတွင် အစိုးရမှခန့်အပ်ထားသောဆရာအရေအတွက်အနည်းငယ်သာရှိသောကြောင့် ဒေသခံများကိုယ်တိုင် ဆရာ/ဆရာမများကို ငှားရမ်းခန်းထားရခြင်းများရှိသည်။ ဆရာ/ဆရာမများအတွက် စာသင်ကျောင်းတွင် ရေရှည်အလုပ်လုပ်နိုင်ရန် လုံလောက်သောထောက်ပံ့နိုင်မှုများလည်း မရှိသေးပေ။
ထို့အပြင် ဒေသခံများသည် စာသင်ကျောင်းဆောင်များကို ဆောက်လုပ်ရေး၊ ပြုပြင်ရေး၊ ထိန်းသိမ်းရေးနှင့် ရွာလမ်း၊ ရွာပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စအဝဝကိုလည်း မိမိတို့ဘာသာ အကုန်အကျခံဆောင်ရွက်ရမှုများရှိသည်။ ၎င်းကုန်ကျစရိတ်များသည် လယ်သမားအများစုဖြစ်သော ဒေသခံများအတွက် ကြီးလေးသောဝန်ထုပ်ဝန်ပိုးတစ်ရပ်လို ဖြစ်နေသည်။
ယခုလိုအခက်အခဲများအတွက် စေတနာ၏ဒေသဖွံ့ဖြိုးဝင်ငွေတိုးလုပ်ငန်းသည် ဒေသခံများ၏ ကျောင်းဆောင်ထိန်းသိမ်းရန်ကုန်ကျစရိတ်ဝန်ကို သက်သာစေပြီး ၎င်းတို့၏ ကလေးငယ်များကို ပညာသင်ကြားပေးရန် လွယ်ကူလာစေသည်။
အစည်းအဝေးများမှတဆင့် မည့်သည့်ဝင်ငွေတိုးလုပ်ငန်းကို မိမိတို့ကျေးရွာအနေဖြင့်လုပ်ဆောင်လိုကြောင်းကို ရွေးချယ်စေသည်။ စေတနာမှ လုပ်ငန်းအတွက်အရင်းအနှီးရန်ပုံငွေကို ထောက်ပံ့ပေးပြီးသည်နှင့် ဝင်ငွေတိုးလုပ်ငန်းတစ်ခုလုံးကို ရပ်မိရပ်ဖများမှသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။ စေတနာမှပေးအပ်မည့်လုပ်ငန်းရန်ပုံငွေကိုတွက်ချက်ရာတွင် ကျောင်းဆောင်အုတ်မြစ်ဆောက်လုပ်ရေးတွင် ရပ်ရွာမှသုံးစွဲခဲ့သောရန်ပုံငွေပမာဏနှင့် ပါဝင်ခဲ့သောလုပ်အားစွမ်းရည်ကို ထည့်သွင်းစဉ်းစားပါသည်။ ထို့အတွက်ကြောင့် စီမံကိန်းတွင် ရပ်ရွာလူထုဘက်မှ ပိုမိုတက်ကြွစွာပါဝင်ပါက စေတနာဘက်မှလည်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ပိုမိုပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။

Community Development: Projects
bottom of page