top of page
Mini Project: List

အသေးစားစီမံကိန်း

စေတနာမှ EPD စီမံကိန်းမူဝါဒနှင့်မကိုက်ညီသော ကျောင်းများအတွက် အသေးစားပြင်ဆင်မှုလိုအပ်ချက်များ သို့မဟုတ် အလျင်အမြန်ထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေများအတွက် အသေးစားစီမံကိန်းကို လုပ်ဆောင်ပါသည်။
ကျောင်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံး သို့မဟုတ် ဒေသခံကျေးရွာများမှတဆင့် လျှောက်ထားတင်ပြမှုများမှနေ၍ ရွေးချယ်ပါသည်။
စေတနာဘက်မှ မူလကျောင်းဆောင်ကိုသာ ပြုပြင်ခြင်း/တိုးချဲ့ခြင်းလုပ်ရန် သို့မဟုတ် ပေ (၆၀×၃၀) ရှိ အသေးစားကျောင်းဆောင်သစ်တစ်ဆောင်ဆောက်လုပ်ပေးရန်ကို ကျောင်းလိုအပ်ချက်အပေါ်မူတည်၍ ဆုံးဖြတ်ပါသည်။ အသေးစားစီမံကိန်းအဖြစ်ရွေးချယ်ခံရသောကျောင်းများအတွက် စေတနာမှ တစ်ကျောင်းလျှင် အမေရိကန်ဒေါ်လာ ၇၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးပြီး ကျန်သောဆောက်လုပ်ရေးကုန်ကျစရိတ်များ၊ လုပ်အားနှင့် လုပ်ငန်းစဉ်များအားလုံးအတွက် ရပ်ရွာဘက်မှ မိမိတို့တတ်နိုင်သလောက် ညှိနှိုင်းပြီး တာဝန်ယူလုပ်ဆောင်ရပါသည်။
EPD စီမံကိန်းကျောင်းများအတွက် ကျောင်းဆောင်ဆောက်လုပ်ပြီးစီးချိန်တွင် ဒေသဖွံ့ဖြိုးဝင်ငွေတိုးလုပ်ငန်းကို ဆောင်ရွက်သော်လည်း အသေးစားစီမံကိန်းတွင် ၎င်းလုပ်ငန်းစဉ်မပါရှိပါ။

Mini Project: List

ကျောင်းစာရင်း

အသေးစားစီမံကိန်းကျောင်းများ

အသေးစားစီမံကိန်းကျောင်းများ 

bottom of page