စေတနာဆိုတာ
ဘယ်လိုအဖွဲ့အစည်းလဲ?
စေတနာအဖွဲ့သည် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းနှင့်လက်တွဲ၍
နယ်စပ်ရေးရာဝန်ကြီးဌာန၏ပူးပေါင်းကူညီမှုဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းမှတဆင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နေသော၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
"ကျောင်းဆောင်ဆောက်လုပ်ခြင်းမှသည်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့"
စေတနာအနေဖြင့် ကျောင်းဆောင်သစ်များဆောက်လုပ်ပေးခြင်းနှင့် ကျောင်းအသုံးအဆောင်လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းတို့ကို လုပ်ဆောင်ရာတွင် အခြေခံပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောကဏ္ဏမှပါဝင်သည်ကို သိရှိနားလည်ထားပါသည်။ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးနှင့် ကလေးငယ်များ၏ပညာရေးအဆက်မပြတ်စေရေးကို ထောက်ပံ့ကူညီပေးသောစီမံကိန်းများအား စေတနာမှ တက်ကြွစွာ လုပ်ဆောင်လျှက်ရှိပါသည်။
စီမံကိန်းနောက်ခံ
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအများစုနေထိုင်သောနယ်စပ်ဒေသများသည် မြို့ပြဒေသများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးလျှက်ရှိသည်။
အခြေခံအဆောက်အဦးများ လိုအပ်မှုရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့် ဒေသစီးပွားရေးမပြေလည်သောနေရာများတွင် ကလေးငယ်များအတွက် အခြေခံပညာရေးကိုသင်ယူနိုင်ရေးကပင် ခက်ခဲနေဆဲဖြစ်သည်။
စေတနာသည် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်၏ အချို့သောနယ်စပ်ဒေသများတွင် ဒေသခံများ၏ ပူးပေါင်းပါဝင်မှုကို အလေးပေးသည့်စနစ်ဖြင့် ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း၊ လယ်ယာစိုက်ခင်းများတိုးချဲ့စိုက်ပျိုးခြင်းများကို ဆောင်ရွက်နေပါသည်။
စီမံကိန်းရလဒ်များ
နတလဝန်ကြီး၏တောင်းဆိုချက်ကြောင့် စေတနာမှ ခြွင်းချက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်နှင့် ညောင်တုန်းမြို့နယ်များတွင် စီမံကိန်းတစ်ခုကိုလုပ်ဆောင်ခဲ့သည်။
စီမံကိန်း၌ ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင် ၃ ဆောင်ကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။