top of page

ရှမ်းပြည်နယ်မြောက်ပိုင်း

စေတနာအဖွဲ့ဝင်များ

Meet Our Team: Meet the Team
hyo-s-20190730-IMG_8577.jpg

တင်လေး

အမှုဆောင်ဒါရိုက်တာ

ကျွန်တော်ကတော့ စေတနာကို ၂၀၀၃ အောက်တိုဘာလမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ စေတနာရဲ့ဝန်ထမ်းတွေနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်ရွှင်စရာကောင်းတယ်။ ကျွန်တော့အသက် ၈၃ နှစ်ရှိပြီဆိုပေမယ့် စိတ်ရောလူရော ကျန်းမာကြံ့ခိုင်နေတုန်းအချိန်မှာ စေတနာမှာ အလုပ်တွေလုပ်နေဦးမှာပါ။ နိပွန်ဖောင်ဒေးရှင်းနဲ့ စေတနာအဖွဲ့အစည်းလည်း မြန်မာလူမျိုးများကို ဆက်လက်ပံ့ပိုးကူညီသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။

hyo-s-20190801-IMG_9773.jpg

မိုးကိုကို

လက်ထောက်ကွင်းဆင်းအရာရှိ

အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး စေတနာလားရှိုးရုံးမှာ ယာဉ်မောင်းရာထူးနဲ့ အလုပ်လုပ်နေတဲ့ ဦးမိုးကိုကိုဖြစ်ပါတယ်။ စေတနာမှာ ကျွန်တော်အလုပ်လုပ်လာတာ ၈ နှစ်ကျော်ရှိပါပြီ။ စေတနာက ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောင်သစ်ဆောက်ပေးနေတာတွေ၊ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်နေတာတွေအတွက် ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီး စေတနာမှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်သွားပါမယ်။

hyo-s-20190730-IMG_8617.jpg

နန်းလောဝ်ခမ်း

စီမံခန့်ခွဲရေးအရာရှိ

ကျွန်မကတော့ နန်းလောဝ်ခမ်းပါ။ စေတနာကို လက်ထောက်စီမံခန့်ခွဲရေးအရာရှိအနေနဲ့ ၂၀၁၂ ခုနှစ် ဩဂုတ်လက အလုပ်ဝင်ခဲ့ပါတယ်။ စေတနာက ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောင်သစ်တွေဆောက်ပေးရုံမဟုတ်ဘဲ ဒေသခံများရဲ့လူနေမှုဘဝအတွက် ဝင်ငွေတိုးလုပ်ငန်းများကိုပါ လုပ်နေတာဖြစ်တဲ့အတွက် စေတနာရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူမိတယ်။ အတွေ့အကြုံတွေလည်းအများကြီးရပြီး စီမံကိန်းတွေမှာပါဝင်လုပ်ကိုင်ရတာ ကြည်နူးဖို့ကောင်းပါတယ်။

hyo-s-20190801-IMG_9940.jpg

ကျော်ရဲလှိုင်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော်က စေတနာလားရှိုးရုံးမှာ လက်ထောက်ကွင်းဆင်းအရာရှိတာဝန်နဲ့ အလုပ်လုပ်နေတဲ့ ကျော်ရဲလှိုင်ပါ။ ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးအတွက်ထောက်ပံ့ပေးနေသော စေတနာအဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ ဒီစီမံကိန်းလုပ်ငန်းတွေမှာ တစ်ခန်းတစ်ကဏ္ဏကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကနေ နယ်စပ်ဒေသတွေရဲ့ပညာရေးစနစ်အတွက် ထောက်ပံ့မှုများပေးနေတဲ့အတွက် ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်။

ရှမ်းပြည်နယ်တောင်ပိုင်း

စေတနာအဖွဲ့ဝင်များ

Meet Our Team: Meet the Team
hyo-s-20190729-IMG_7919.jpg

အေးအေးသန့်

စီမံကိန်းဒါရိုက်တာ

ကျွန်မတို့ရဲ့ ဝေးလံခေါင်ဖျားဒေသများဆီက ဒေသခံပြည်သူတွေအတွက် ဒေသတိုးတက်ဖွံ့ဖြိုးရေးကို အဓိကဖော်ဆောင်နေတဲ့ စေတနာရဲ့ EPD စီမံကိန်းမှာ ကိုယ်တတ်စွမ်းသလောက် လုပ်ကိုင်သွားပါမယ်။

hyo-s-20190729-IMG_7976.jpg

ခွန်သန်းဝင်းဦး

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော်က ခွန်သန်းဝင်းဦးပါ။ ရှမ်းပြည်နယ် တောင်ကြီးမှာနေပါတယ်။ ကျွန်တော် စေတနာမှာ လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့ လုပ်နေတာတော့ ၇ နှစ်နီးပါးရှိပါပြီ။ စေတနာဝန်ထမ်းဖြစ်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။

hyo-s-20190729-044A0686.jpg

ခွန်သိန်းမောင်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော့နာမည် ခွန်သိန်းမောင်ပါ။ ၂၀၀၃ ခုနှစ်ကတည်းက စေတနာမှာ လက်ထောက်ကွင်းဆင်းအရာရှိတာဝန် လုပ်ဆောင်လာပါတယ်။ နယ်မြေဒေသအမျိုးမျိုးသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံရ၊ ပူးပေါင်းလုပ်ဆောင်ရတဲ့ အတွေ့အကြုံအသစ်တွေရတဲ့အတွက် စေတနာကို ကျေးဇူးတင်ပါတယ်။

N. Win Win Cho.jpg

နန်းဝင်းဝင်းချို

စီမံခန့်ခွဲရေးအရာရှိ

မြန်မာ့ရိုးရာအနေနဲ့ အရင်ဦးဆုံး မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်မက နန်းဝင်းဝင်းချိုပါ။ စေတနာမှာ အလုပ်လုပ်လာတာ ၈ နှစ်ရှိပါပြီ။ စေတနာရဲ့စီမံကိန်းတွေက ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုပါတယ်။ ကျေးလက်ဒေသမှာမွေးဖွားလာတဲ့ ကျွန်မတို့လို့ ဒေသခံတွေက စေတနာကို အရမ်းကျေးဇူးတင်ပါတယ်။ စေတနာမှာ တစ်တပ်တစ်အားပါဝင်ရတာ ဂုဏ်ယူမိပါတယ်။

hyo-s-20190730-IMG_8038.jpg

ခွန်ရဲနောင်

ကွင်းဆင်းအရာရှိ

စေတနာတောင်ကြီးရုံးမှာ ကွင်းဆင်းအရာရှိတာဝန်လုပ်ကိုင်နေတဲ့ ခွန်ရဲနောင်ပါ။ နိပွန်ဖောင်ဒေးရှင်းရဲ့ထောက်ပံ့မှုနဲ့ ဒေသဖွံ့ဖြိုးရေးကိုလုပ်ဆောင်နေတဲ့ စေတနာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးလည်း ပါဝင်လုပ်ကိုင်သွားပါဦးမယ်။

hyo-s-20190730-IMG_7242.jpg

ခွန်စံတင့်

လက်ထောက်ကွင်းဆင်းအရာရှိ

ကျွန်တော်ကတော့ ခွန်စံတင့်ပါ။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး လက်ထောက်ကွင်းဆင်းအရာရှိအနေနဲ့ စေတနာမှာ အလုပ်ဝင်ခဲ့ပါတယ်။ စေတနာမှာ အလုပ်လုပ်ရတာ ပျော်ပါတယ်။ စေတနာက ကျောင်းတွေဆောက်တယ်၊ ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်တယ်၊ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်အောင်လုပ်တယ်။ ဒီလိုစီမံကိန်းမျိုးမှာ ကျွန်တော့ကိုပါဝင်ခွင့်ပေးတဲ့အတွက် စေတနာကို ကျေးဇူးတင်ပါတယ်။ စေတနာမှာလုပ်ကိုင်ရင်း အများကြီးသင်ယူသွားပါမယ်။ ကျေးဇူးတင်ပါတယ်။

Khun Nay Aung

ခွန်နေအောင်

စီမံခန့်ခွဲရေးအရာရှိ

မင်္ဂလာပါ။ ၂၀၁၄ ခုနှစ် ဧပြီလကစပြီး စေတနာမှာ အလုပ်လုပ်ခဲ့တဲ့ ခွန်နေအောင်ပါ။ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက ထောက်ပံ့နေတဲ့စေတနာမှာ လုပ်ရတာ ဂုဏ်ယူပါတယ်။ အဓိကရန်ပုံငွေကိုထောက်ပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းကို ကျေးဇူးတင်ပါတယ်။ ရှေ့နှစ်တွေမှာလည်း ကြိုးစားအလုပ်လုပ်သွားပါမယ်။

ရန်ကုန်တိုင်း

စေတနာအဖွဲ့ဝင်များ

Meet Our Team: Meet the Team
IMG_8799.JPG

ငါးရယ်

လက်ထောက် အုပ်ချုပ်ရေးအရာရှိ

ကျွန်တော် ငါးရယ်ပါ။ ၂၀၁၈ ခုနှစ်မှာ စေတနာအဖွဲ့အစည်းမှာ စတင်ပါဝင်ခဲ့ပါတယ်။ စေတနာအဖွဲ့အစည်းက ပညာရေးနဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်နေပြီး ဒီစီမံကိန်းကိုလည်း စိတ်ဝင်စားတဲ့အတွက် စေတနာအဖွဲ့အစည်းမှာ လုပ်ကိုင်ရတာ အရမ်းဝမ်းသာပါတယ်။ အနာဂတ်မှာ အဖွဲ့အစည်းနဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်တွေအတွက် အကောင်းဆုံးကြိုးစားနေပြီး ကျေးရွာလူထုအတွက် ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆက်လက်လုပ်ဆောင်သွားချင်ပါတယ်။

photo_2026-01-22_08-43-59.jpg

မို့မို့လွင်

ရုံးစာရေး

"မင်္ဂလာဘာ" ကျွန်မနာမည် မို့မို့လွင်ပါ။ ကျွန်မက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ စေတနာအဖွဲ့အစည်းရုံးမှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။ အနာဂတ်မျိုးဆက်သစ်ကလေးတွေရဲ့ ပညာရေးတိုးတက်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျောင်းဆောက်လုပ်ရေးစီမံကိန်းတွေမှာ စေတနာအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ စေတနာအဖွဲ့အစည်းနဲ့ ပျော်ရွှင်စွာ ဆက်လက်လုပ်ဆောင်သွားပါမယ်။ စေတနာအဖွဲ့အစည်း အောင်မြင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု ရရှိပါစေလို့ ဆုတောင်းပါတယ်။

hyo-s-20190830-044A2178.jpg

ဆုထွေးမြင့်

အုပ်ချုပ်ရေးဒါရိုက်တာ

ဝန်ထမ်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုက အရမ်းအရေးကြီးတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ စေတနာရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်မရဲ့အလုပ်တာဝန်တွေကို ကောင်းစွာလုပ်ကိုင်သွားပါမယ်။ ဒီအဖွဲ့အစည်းနဲ့ ရေရှည်လက်တွဲသွားပြီး သင်ယူလေ့လာရင်း နောက်ထပ်တာဝန်များစွာကို ကျေပွန်သွားချင်ပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ဒီထက်ပိုမြှင့်တင်ရင်း ဒေသဖွံ့ဖြိုးရေးကို ပိုမိုလုပ်ဆောင်သွားမှာပါ။ စေတနာမှာ အလုပ်လုပ်လာတာ ၁၇ နှစ်ရှိပြီမို့လို့ ကျွန်မအတွက် စေတနာက ဒုတိယမိသားစုပါပဲ။

hyo-s-20190830-044A1910.jpg

စု နန္ဒာဝင်း

အုပ်ချုပ်ရေးအရာရှိ

ကျွန်မနာမည်က စုနန္ဒာဝင်းပါ။ ရန်ကုန်ရုံးရဲ့ အုပ်ချုပ်ရေးအရာရှိတစ်ဦးပါ။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စေတနာအဖွဲ့ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ EPD စီမံကိန်းတွေရဲ့ အဓိကအချက်တွေကို ဖြည့်စွက်ပေးခြင်းအားဖြင့် လိုအပ်နေသူတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့အတွက် စေတနာအဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကျွန်မရဲ့ စိတ်ဝင်စားမှုကို ပါဝင်ကူညီခွင့်ရတဲ့အတွက် စေတနာအဖွဲ့ကို ဝမ်းမြောက်မိပါတယ်။ ကျေးဇူးတင်ရှိပါတယ်။

Naoko Wada

ယမင်းမူယာ

လက်ထောက်လူမှုဆက်ဆံရေးအရာရှိ

မင်္ဂလာပါ။ ကျွန်မက စေတနာမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး အလုပ်လုပ်ခဲ့ပါတယ်။ ကလေးငယ်တွေက နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်တွေဖြစ်သလို ပညာရေးစနစ်တိုးတက်အောင်လုပ်ဖို့က မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံငယ်တစ်ခုအတွက် ပထမဦးစားပေးလုပ်ရမယ့်အရာလို့ ထင်ပါတယ်။ စေတနာရဲ့စီမံကိန်းတွေက ကျေးရွာဒေသတွေရဲ့ အခြေခံပညာရေးအခြေအနေကို တစ်စိတ်တစ်ပိုင်းကူညီပံ့ပိုးပေးနေတာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အကောင်းဆုံးလုပ်သွားမှာပါ။

bottom of page