ကျောင်းသုံးရာပြည့်ဖွင့်ပွဲအခမ်းအနား
မတ်လ ၃ ရက်၊ ၂၀၁၈ ခုနှစ်
စေတနာမှဆောက်လုပ်သော ၃၀၀ မြောက်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ်လ ၃ ရက်၊ ၂၀၁၇ ခုနှစ်က ပအို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာ၌ ကျင်းပခဲ့ရာ အမျိုးသာလွှတ်တော်ဥက္ကဌဦးမန်းဝင်းခိုင်သန်းသည် ကျောင်းဆောင်သစ်ရှေ့တွင် သစ်ပင်စိုက်ပျိုးပြီး ဖွင့်လှစ်ပေးခဲ့သည်။ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ စစကာဝါ မှလည်း မိန့်ခွန်းအမှာစကားပြောကြားခဲ့သည်။
ဂုဏ်သရေရှိလူကြီးမင်းများဖြစ်ကြသော ဦးမန်းဝင်းခိုင်သန်း (အမျိုးသားလွှတ်တော်ဥက္ကဌ)၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)၊ မစ္စတာ ရိုဟဲအိစစကာဝါ (နိပွန်ဖောင်ဒေးရှင်းဥက္ကဌ)၊ မစ္စတာ ကဇုယုကိ တကိမိ (စီးပွားရေးသံမှူး၊ ဂျပန်သံရုံး)၊ ဒေါက်တာလင်းထွဋ် (ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့)၊ ဗိုလ်ချုပ်ဝင်းမင်ထွန်း (တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်)၊ ဦးခွန်စံလွင် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ)၊ ဦးစိုးအောင် (ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး)၊ ဗိုလ်ချုပ်ဝင်းမင်းထွန်း (တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ဦးကြွယ်ကြွယ် (ရှမ်းပြည်နယ်တရားသူကြီးချုပ်)၊ အခြားဧည့်သည်တော်များနှင့် ဒေသခံပြည်သူများမှ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ခဲ့ကြသည်။ ပြီးခဲ့သော ၁၆ နှစ်တာကာလပတ်လုံးတွင် စေတနာအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုများကို လမ်းညွှန်အကြံပြုပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ စေတနာအဖွဲ့အနေနှင့်လည်း မိမိတို့၏ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်စီမံကိန်းများတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားပါမည်။
28516082_1915135745199880_35501281849177 | 28515201_1913017168745071_90319126284134 | 28616397_1913018468744941_47982239167347 |
---|---|---|
28516554_1915137705199684_72922202947847 | 28617053_1915137181866403_73756437657682 | 28516536_1913103225403132_81374855866896 |
28514741_1913067788740009_19118551545319 |