top of page

ကျောင်းကစားကွင်းပစ္စည်းများတပ်ဆင်ပေးခြင်း

ကျောင်းကစားကွင်းပစ္စည်းများတပ်ဆင်ခြင်းအစီအစဉ်၏ အဓိကရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကလေးငယ်များအတွက် သာယာပျော်ရွှင်စရာကျောင်းပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများတွင် စိတ်ဝင်စားမှုနှင့် စာသင်ကြားလိုမှုကို မြှင့်တင်ပေးခြင်း

  • ကိုယ်လက်လှုပ်ရှားကစားခြင်းဖြင့် ကျန်းမာတက်ကြွသောနေထိုင်မှုအလေ့အကျင့်ရှိအောင် ပျိုးထောင်ပေးခြင်း

  • ကျောင်းသားကျောင်းသူများအချင်းချင်းရင်းနှီးမှုတိုးပွားစေခြင်းဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ရရှိစေခြင်း

စာသင်ကျောင်းဆိုသည်မှာ ကျောင်းသားကျောင်းသူများကို စိတ်ညစ်ညူးစေသောနေရာ မဖြစ်သင့်ပါ။ “ကျောင်းနေပျော်မှ စာတော်မည်” ဟူသော မြန်မာဆိုရိုးအတိုင်း ကျေးလက်ဒေသရှိ စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် စေတနာမှ ပျော်ရွှင်တက်ကြွသော ကျောင်းပတ်ဝန်းကျင်တစ်ခုရရှိနိုင်စေဖို့ ရည်ရွယ်ထောက်ပံ့ပေးသွားဦးမည်ဖြစ်ပါသည်။

Playground Equipment Installation: Services
Playground Equipment Installation: List
bottom of page