top of page

ပညာသင်စရိတ်ထောက်ပံ့ပေးခြင်း

စေတနာမှ ၂၀၀၂ ခုနှစ်မှစတင်ပြီး ကျောင်းဆောင်ဆောက်လုပ်ရေးမှတဆင့် ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်လျှက်ရှိသည်။ ဖယ်ခုံမြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း စေတနာအဖွဲ့မှ စီမံကိန်းလုပ်ကိုင်နေစဉ်အတွင်း တွေ့ရှိရသည်မှာ အလယ်တန်းအောင်မြင်ပြီးသောကျောင်းသားအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ်တိုးလာသော်လည်း အထက်တန်းပညာကို ဆက်လက်သင်ယူသောကျောင်းသားအရေအတွက်မှာ အနည်းငယ်သာရှိသည်။ ထို့ကြောင့် စေတနာမှ အကြောင်းရင်းကို လေ့လာကြည့်ရာမှ အောက်ပါအတိုင်းတွေ့ရှိရသည်။

  • တချို့ကျောင်းသားကျောင်းသူများမှာ အထက်တန်းပညာကို ဆက်လက်လေ့လာသင်ယူလိုစိတ်မရှိခြင်း

  • ၎င်းတို့ကျေးရွာနှင့် အနီးဆုံးတွင်ရှိသောအထက်တန်းကျောင်းသို့ သွားရောက်ရန်ပင် လမ်းပန်းဆက်သွယ်ရေးမလွယ်ကူခြင်း

  • မိဘများနှင့် မိသားစုအခြေအနေမှာ ကလေးငယ်များအတွက်ပညာသင်ကြားနိုင်ရန် မထောက်ပံ့ပေးနိုင်ခြင်း တို့ဖြစ်သည်။

ထို့ကြောင့် စေတနာမှ ၂၀၁၄-၂၀၁၅ စာသင်နှစ်မှစ၍ ဖယ်ခုံမြို့နယ်တွင် အထက်တန်းအဆင့်ပညာသင်စရိတ်ထောက်ပံ့ခြင်းအစီအစဉ်ကို စတင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ စာသင်နှစ်တွင်မူ ဟိုပုံးမြို့နယ်၌ပါ စတင်လုပ်ဆောင်ခဲ့သည်။ စေတနာမှ ယခုပညာသင်စရိတ်ထောက်ပံ့ခြင်းအစီအစဉ်ကို သက်ဆိုင်ရာမြို့နယ်ပညာရေးရုံးတာဝန်ခံများ၊ ပညာရေးတွင်စိတ်အားထက်သန်သောဒေသခံလူထုနှင့် ကလေးများပညာရေးအတွက်လှူဒါန်းရန်ဖွဲ့စည်းထားသောကော်မတီဝင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

Stipend Awarding Program: Service

ပညာသင်စရိတ်ထောက်ပံ့ကူညီခဲ့သောမှတ်တမ်း

၂၀၁၄-၂၀၁၅ ပညာသင်နှစ်

  • နဝမတန်းကျောင်းသား/သူ ၁၁ ယောက်

  • ဒသမတန်းကျောင်းသား/သူ ၉ ယောက်

  • စုစုပေါင်း ၂၀ ယောက်

၂၀၁၅-၂၀၁၆ ပညာသင်နှစ်

  • နဝမတန်းကျောင်းသား/သူ ၁၁ ယောက်

  • ဒသမတန်းကျောင်းသား/သူ ၁၁ ယောက်

  • စုစုပေါင်း ၂၂ ယောက်

၂၀၁၆-၂၀၁၇ ပညာသင်နှစ်

  • နဝမတန်းကျောင်းသား/သူ ၁၁ ယောက်

  • ဒသမတန်းကျောင်းသား/သူ ၁၁ ယောက်

  • စုစုပေါင်း ၂၂ ယောက်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်

  • နဝမတန်းကျောင်းသား/သူ ၁၁ ယောက်

  • ဒသမတန်းကျောင်းသား/သူ ၁၁ ယောက်

  • စုစုပေါင်း ၂၂ ယောက်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်

  • နဝမတန်းကျောင်းသား/သူ ၁၁ ယောက်

  • ဒသမတန်းကျောင်းသား/သူ ၁၁ ယောက်

  • စုစုပေါင်း ၂၂ ယောက်

Stipend Awarding Program: List
bottom of page