top of page

သွားနတ်သမီးလေးအဖွဲ့၏ ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်

စေတနာအဖွဲ့၏ ၂၀၀၉ ခုနှစ် စီမံကိန်းနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆောက်လုပ်ခဲ့သောကျောင်း ၁၀ ကျောင်းမှာ ဂျပန်နိုင်ငံသွားဆရာဝန်များအသင်း၏ သွားနတ်သမီးလေးစီမံကိန်းမှ ငွေကြေးထောက်ပံ့ကူညီမှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သွားနတ်သမီးလေးအဖွဲ့သည် ထိုစာသင်ကျောင်းများဆီသို့ မကြာမကြာလာရောက်ပြီး ကလေးများကို သွားကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလေ့ရှိသည်။
    ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဆိုပါသွားနတ်သမီးလေးအဖွဲ့သည် တောင်ကြီးမြို့နယ်ရှိ သံတဲအထကသို့ ရောက်ရှိခဲ့ပြီး ကျောင်းဆရာ/ဆရာမများ၊ ဒေသခံများနှင့် ကျောင်းသားကျောင်းသူလေးများမှ တိုင်းရင်းသားရိုးရာဝတ်စုံလေးများဝတ်ဆင်ကာ လှိုက်လှဲစွာကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ကျောင်းသားကလေးငယ်များ၏ သွားများကို ကြည့်ရှုစစ်ဆေးခြင်း၊ မှန်ကန်သောသွားတိုက်ပုံနည်းစနစ် သင်ပြခြင်း၊ သွားပိုးမစားစေရန် ဖလိုရိုက်ပါသောဆေးရည်ဖြင့် ပလုတ်ကျင်းကာကွယ်စေခြင်း၊ သွားဘက်ဆိုင်ရာ အသိပညာဗဟုသုတရုပ်ပုံများပါသော ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေခြင်း၊ သွားကျန်းမာရေးအသိပေးဟောပြောခြင်း၊ သရုပ်ပြခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဂျပန်ရိုးရာကစားစရာများ၊ ဘောလုံးများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။
    ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ ပါနွေးအမကသို့ ရောက်ရှိခဲ့သည်။ ဂျပန်သွားဆရာဝန်များသည် ပါနွေးကျောင်းမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်းနီးပါး သွားကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ပြုလုပ်ပေးလျှက်ရှိရာ ၂၀၁၇ ခုနှစ်က သွားပိုးမစားစေရန် ဖလိုရိုက်ပါသောဆေးရည်ဖြင့် ပလုတ်ကျင်းကာကွယ်ပုံကို ပြသပေးခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်တွင် သွားကျန်းမာရေးအသိပေးဟောပြောခြင်း၊ အသိပညာဗဟုသုတရုပ်ပုံများပါသော ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေခြင်းနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
    သွားနတ်သမီးအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းတွင် ပင်လောင်းမြို့နယ်ရှိ နမ့်ပန်အလကသို့ ရောက်ရှိခဲ့သည်။ ကျောင်းသို့ရောက်သောအခါ ကလေးများမှ “သွားမှန်မှန်တိုက်ပါမည်” သီချင်းကို သီဆိုပြီး နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ကြပါသည်။ ရိုးရာအကအလှများဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် သွားဆရာဝန်များမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကလေးငယ်များ၏သွားများကို ကြည့်ရှုစ်ဆေးခြင်း၊ မှန်ကန်သောသွားတိုက်ပုံသင်ပြခြင်း၊ သွားပိုးမစားစေရန် ဖလိုရိုက်ပါသောဆေးရည်ဖြင့် ပလုတ်ကျင်းကာကွယ်စေခြင်း၊ သွားကျန်းမာရေးအသိပညာဗဟုသုတရုပ်ပုံများပါသော ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။
    ခရီးစဉ်တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာအသင်းမှ ဒေါက်တာခင်မောင်နှင့် ဒေသခံသွားဆရာဝန်များမှ ကူညီပေးခဲ့ကြပါသည်။

Tooth Fairy Team Visit to Southern Shan State: News

Than Te BEHS

Tooth Fairy Team Visit to Southern Shan State: Portfolio

Par Nway BEPS

Tooth Fairy Team Visit to Southern Shan State: Portfolio

Nam Pan BEMS

Tooth Fairy Team Visit to Southern Shan State: Portfolio
bottom of page